ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမှ ရွှေမြန်မာတို့ ရဲ့ရှက်စရာကောင်းတဲ့ စိတ်ဓာတ်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမှ ရွှေမြန်မာတို့ ရဲ့ရှက်စရာကောင်းတဲ့ စိတ်ဓာတ်

ရွှေမြန်မာတို့ရဲ့ ရွှေပုဂံကနေနှုတ်ဆက်လိုက်ပါတယ်မနက်စောစောစီးစီးကြုံတွေ့လိုက်ရတဲ့ ရွှေမြန်မာတို့ ရဲ့ရှက်စရာစိတ်ဓာတ်လေးတွေအကြောင်းပြောပြချင်လို့ပါရန်ကုန်-ပုဂံ အဝေးပြေးကားဂိတ်မှာ ရွှေရွှေတို့ရဲ့ ရွှေကားကြီးဟာ မနက်အစောကြီးဆိုက်ပါလေရောလား~ ရွှေကားကြီးပေါ်မှာ ဂျာမနီဆိုတဲ့တောကရွယ်တူကောင်မလေးတစ်ယောက်လည်းပါလာပေါ့~ ရွှေကားပေါ်ကဆင်းပြီး ရွှေဖယ်ရီပေါ်( ဟိုက်ဂျက် ကားဟောင်း) ထိုင်ပြီးကားဆရာထိုင်အစောင့်… အားလားလား

ရွှေညာမြေက ရိုးသားလွန်းတဲ့ တစ်ဖက်သားကို ကူညီချင်စိတ်အပြည့်ရှိတဲ့ ကိုအညာသား တက္ကစီသမားကြီးတွေက ဝိုင်းအာလိုက်ကြတာများ~နိုင်ငံခြားသားဖယ်ရီစီးလို့မရဘူးဆိုဘဲ ဘာဖြစ်လို့လဲသူလည်း ဒီကားစီးလာတာ ညီမတို့နဲ့တူတူ ဘဲလို့ပြန်ပြောတော့ အဲ့လိုဆို ကားလိုင်းနဲ့ တက္ကစီသမားတွေကြားပြဿနာဖြစ်သွားမှာပေါ့ ဒါ စနစ်တဲ့ ကောင်မလေးကလည်း ဟိုတလောလေးကတင်ရောက်ဖူးပြီးသား UNESCO World Heritage Site ဖြစ်သွားလို့ နောက်တစ်ခေါက်ပြန်လာတာ ~ တစ်ခြားသူတွေကလည်း စိတ်ဝင်စားမှုတွေအရမ်းမြင့်နေတယ်ဆိုလို့ ကိုယ်တွေမှာ ပီတိဖြစ်ရုံရှိသေး~ခုတော့

အာ့ဆိုလည်း ကွကိုယ်ရှင်းပြလိုက်ကြ ဆိုတော့ E လိုပြောတတ်တဲ့သူကိုပြေးခေါ်လာပြီး ဖယ်ရီပေါ်ကဆင်းခိုင်းတယ် ကောင်မလေးကလည်း မဆင်းဘူး သူကဘာဖြစ်နေလို့လဲတဲ့ Entrance Fees 10 ဒေါ်လာလည်းပေးပြီးသွားပြီလေတဲ့ ဆိုတော့ ဉာဏ်နီဉာဏ်နက်ဉာဏ်black မှာထူးချွန်ထက်မြက်တဲ့ ကိုရွှေအညာသားတက္ကစီသမားကြီးက နင်နေမယ့် နေရာက ဖယ်ရီမရောက်ဖူးတဲ့ တက္ကစီဘဲ စီးသွားတဲ့ ကောင်မလေးကလည်း စိတ်ဆိုးပြီးအများကြီးပြောဆို နောက်ဆုံး ငါလမ်းဘဲလျှောက်မယ် နင်တို့တက္ကစီမစီးဘူးဆိုပြီး အိတ်ကြီးကိုမနိုင့်တနိုင်မပြီးထွက်သွားပါရော~~

မျှော်လင့်သလိုဖြစ်မလာတော့ ယောကျာ်သားကြီးတွေ မဲ့ရွဲ့ထေ့ပြုံးပြုံးပြီး အဲ့လောက်အဝေးကြီး သွားပေါ့ ဆိုပြီး ပြောဆိုကျန်နေရစ်ခဲ့ကြတယ်ဘေးကနေ ရှက်လိုက် ဝမ်းနည်းလိုက် ဒေါသထွက်တာဆိုတာဘာဖြစ်လို့သူတစ်ပါးပိုက်ဆံ မသထာရေစာကို အတင်းလည်ပင်းညစ်ယူချင်နေကြတာလဲ?ကြည်ကြည်ဖြူဖြူဂုဏ်ရှိရှိရနိုင်မယ့် နည်းလမ်းတွေစဉ်းစားတီထွင်ကြစမ်းပါလားအခုဆို အခွင့်အရေးတံခါးပေါက်ကြီးကလည်း တိုင်းသိပြည်သိကမ္ဘာသိပွင့်သွားပြီလေအဲ့လိုသာ ဝင်လာသမျှ ဧည့်သည်ရင်ဝဆောင့်ကန်ချနေသမျှတော့ ~~ ကျန်စစ်သားမင်းကြီးက လက်ယာလက်နဲ့ဘဲဝေဝေ လက်ဝဲလက်နဲ့ဘဲဝေဝေ ဝေတဲ့ထမင်းလုပ် အစာအိမ်ထဲရှောရှောရှူရှူမရောက်မှာ စိုးကြောက်မိပါတယ် ပုဂံ ။

Facebook Comments