ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်လိုက်ခုတ်နေ၍ တားဆီးရာမှ တာဆီးသူ ဓါးခုတ်ခံရ၍ သေဆုံး

ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်လိုက်ခုတ်နေ၍ တားဆီးရာမှ တာဆီးသူ ဓါးခုတ်ခံရ၍ သေဆုံး

အရက်မူးပြီး၊ ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့် လိုက်ခုတ်ရာမှ ဝင်ရောက်တာဆီးသူ ဓါးခုတ်ခံရ၍ သေဆုံးမှုဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ပင်တောင်ကျေးရွာ၌ ၂၀၁၉ ဇူလိုင် ၁၂ရက်နေ့ ည(၉)နာရီ အချိန်ခန့်တွင် အရက်မူးနေသော

ဦးကျန်မောင် အသက်(၃၈)နှစ်တွင် အရက်မူးပြီး ကျောင်းထိုင်ဆရာတော် ဦးမာမက အား ဓါးမကြီးကိုင်ဆောင်ကာ ခုတ်ရန်လိုက်နေသည်ကို ည ကျောင်းစောင့် ဦးသန်းဝင်းနှင့်ဦးချစ်မြ တို့မှ မြင်တွေ့ရ၍ဝင်ရောက်တားဆီးစဉ် ဦးသန်းဝင်း အသက်(၄၅)နှစ် တွင် ကျောင်းဆောင်အတွင်း ဓားဖြင့် ခုတ်ခံရခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ဦးကျန်မောင် အား ဆောမြို့မရဲစခန်းမှ အချိန်တို အတွင်း ဖမ်းဆီးဆောင်ရွက်၍ ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။

Facebook Comments