မြမြကိုလုံးဝမသိဘူးလို့ ဖြေရှင်းလိုက်တဲ့ ဝင်အပူးခံရတဲ့ ကောင်မလေး

မြမြကိုလုံးဝမသိဘူးလို့ ဖြေရှင်းလိုက်တဲ့ ဝင်အပူးခံရတဲ့ ကောင်မလေး

ဒီိရက်ပိုင်း လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေပန်းစားနေပြီး လူတွေသိချင်နေတဲ့ ဖြစ်ရပ်တစ်ခုကတော့ မြမြဆိုတဲ့ ကောင်မလေး ရဲ့အမှုပါ။ ဝင်ပူးခံရတဲ့ ကောင်မလေးက ဘုန်းကြီးဆီ ကိုယ်စား လျှောက်ထားတဲ့ သတင်းတွေကြောင့် လူတွေက ပိုပို သိချင်လာကြပါတယ်။ စက်ရုံက အထက်လူကြီးတွေကလည်း ဝင်ပူးခံရတဲ့ ဝန်ထမ်း ကောင်မလေး ပြောကြားချက်တွေက စက်ရုံနာမည် ပျက်စေတဲ့အတွက် ကောင်မလေးကို စိတ်ရောဂါ ဖြစ်နေတယ်လို့ အကြောင်းပြပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဝင်ပူးခံရတဲ့ ကိစ္စက တကယ်ဖြစ်ရပ်မှန် ဟုတ် မဟုတ် နဲ့ ပတ်သက်ပြီး ကာယကံရှင် မိန်းကလေးက ခုလို ရင်ဖွင့်သွားပါတယ်။“အဲ့ကောင်မလေးကို သိတောင်မသိဘူး။ ကျိန်ဆိုကျိန်ရဲတယ်။ သတင်းထောက်တစ်ယောက်က ပုံလာပို့ပြီး အဲ့ကောင်မလေးက မြမြလားလို့ လာမေးတယ်။ ဘယ်သိမှာလဲ လို့ ပြောလိုက်တယ်။ အေးမြလို့လည်း မပြောခဲ့သလို ဒီကောင်မလေးက မြမြပါလို့လည်း ညီမ မပြောခဲ့ဘူး။ အခု ညီမကို စိတ်ရောဂါဖြစ်တယ်လို့ ပြောတယ်ဆိုရင် ဆေးရုံသွားပြီး ကုသမှု ခံရဲတယ်။ ဒါပေမဲ့ ဆေးရုံမှာ ဆရာဝန်ထွက်ချက်က ဒီကောင်မလေးမှာ စိတ်ရောဂါ မရှိပါဘူးလို့ ထွက်လာရင်တောင် သူတို့စနက်ကြောင့် ရှိပါတယ်လို့ ထွက်သွားရင် မတတ်နိုင်ဘူး။” ဆိုပြီး ပြောပြပါတယ်။

လက်ရှိအချိန်ထိ ဗီဒီယိုဖိုင်ကို မကြည့်ရသေးကြောင်း ကာယကံရှင် ကောင်မလေးက ခုလို ပြောသွားပါတယ်။“အဲ့လိုမျိုး ဝင်ပူးတာတွေချည်းပဲ။ သမီးတို့နားက အမကြီးလည်း ရှိတယ်။ မေးကြည့်လို့ရတယ်။ မြေပုံကို ပြတော့ သူတို့လိုက်ရှာတာ မတွေ့ဘူး။ မတွေ့တော့ မစောင့်နိုင်ဘဲ ကားပေါ်ကနေဆင်းပြီး ကိုယ်တိုင်သွားယက်ပြတယ်။ ဟိုမှာ လူသတ်သမားတွေ လာနေပြီ ဖမ်း..ဖမ်း ဆိုတဲ့ ဗီဒီယိုဖိုင်တွေ အကုန်ပါတယ်။ သူရိုက်ထားတာ အရှည်ကြီးပဲ။ ဒါပေမဲ့ အခုဟာက ဖြတ်ညှပ်ကပ်လုပ်ထားတာ တိုတိုလေး။ ဗီဒီယိုဖိုင်ကို ညီမ ခုထိ မကြည့်ရသေးဘူး။” လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရမယ့် အခြေအနေကို ကြိုတင်တွက်ဆထားပြီး အရှက်ကို မငဲ့ဘဲ အမှန်တရားကို ဖော်တုတ်မှာ ဖြစ်ကြောင်း ခုလို ပြောသွားပါတယ်။“ညီမတို့ကို ထုတ်မယ်ဆိုတာ ကြိုသိပြီးသား။ ဒီတော့ အထုတ်ခံရမယ့် အတူတူ အမှန်တရားကို သေချာ ဖော်ထုတ်ပြီးမှ ထွက်မယ်။ ညီမတို့ ဒီလောက်ဖြစ်နေတာ ပြုတ်ဖို့ပဲဆိုတာ ညီမသိနေပြီ။ ဒါကြောင့် ဒီကို အရောက်လာပြီးတော့ ညီမ လုပ်ကြံတာ မဟုတ်ကြောင်း အရဖြေပြီး အလုပ်ထွက်မယ်။ ညီမ အမှန်တရားကို သတင်းထောက်တွေကို ပြောချင်လွန်းလို့ အရောက်လာတာ။

ဘုန်းဘုန်းဘုရားကိုလည်း မေးလို့ရတယ်။ ဘုန်းဘုန်းက ကုလားသရဲ ဝင်ပူးတော့ ထုတ်တယ်။ ထုတ်ပြီးတော့ ဘယ်ကုလားမှလည်း မလာနဲ့။ ဘယ်မြမြမှလည်း မလာနဲ့ ဆိုပြီး ဖြတ်တယ်။ အကုန်ဖြတ်တယ်ဆိုတော့ ညီမ ကျိန်ဆိုကျိန်ရဲတယ်။ ဒါပေမဲ့ လမ်းမှာ အဲ့ဒီ ကောင်မလေးက သွေးတွေနဲ့ သူ့ကို ကူညီပါဆိုပြီး ညီမကို လက်အုပ်ချီ တောင်းပန်တယ်။ ငါကူညီလို့ မရဘူး။ ဘုန်းဘုန်းက ငါ့ကို အမိန့်ပေးလိုက်ပြီ ဆိုပြီးတော့ အဲ့တစ်ကြိမ်ပဲ ညီမ တွေ့လိုက်တယ်။ ကျန်တဲ့အချိန် မြမြဆိုတာ မြင်လည်း မမြင် တွေ့လည်း မတွေ့ဖူးဘူး။ အဲ့လိုတွေ့လိုက်ရတဲ့အတွက် ဒီအမှုက ရှိတယ်လို့ လုံးဝ ယုံကြည်တယ်။ သူတို့ ဖုံးထားတာတွေ အများကြီးပဲ။ ထောင်ကျရင် ကျပစေ ညီမတို့ ဖော်သွားမှာ။” ဆိုပြီး ပြောသွားပါတယ်။

အဖြစ်မှန် ပေါ်ပေါက်ပြီး မှန်ကန်တဲ့ တရားစီရင်ချက် ဖြစ်ဖို့ကိုတော့ ဝင်ပူးခံရတဲ့ မိန်းကလေးနဲ့ တကွ ပြည်သူတွေကလည်း လိုလားကြပါတယ်။

Facebook Comments