အောင်ကြီးက သိန်း ၅၀၀ အတွက် သူကိုယ်တိုင်က ဟုတ်မှန်သည်ဆိုပီး ဝန်ခံနိုင်ဟု ပြည်ထောင်စုဝန်ကြီး၏ သမီးတစ်ဦးမှပြောကြား

အောင်ကြီးက သိန်း ၅၀၀ အတွက် သူကိုယ်တိုင်က ဟုတ်မှန်သည်ဆိုပီး ဝန်ခံနိုင်ဟု ပြည်ထောင်စုဝန်ကြီး၏ သမီးတစ်ဦးမှပြောကြား …..

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ အမှုဖွင့်ခံထားရသူ ကိုအောင်ကြီးဟာ ယာဉ်မောင်းတစ်ယောက်အနေနဲ့ သိန်း ၅၀၀ တစ်ချိန်တည်းရှာရန် မလွယ်တာကြောင့် တရားခံအဖြစ်ဟုတ်မှန်သည်ဟု ဝန်ခံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ သမီးတစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဗစ်တိုးရီးယားရဲ့ ကံ သာ ဖြစ်ပြီး အလွန်စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

တရားခံအဖြစ် CID မှ ကိုအောင်ကြီးကို ဖမ်းပြီးမကြာခင်မှာဘဲ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကို၏ သမီးဖြစ်သူ နှင်းစံပါယ်အောင်ကိုမှ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်ဈ နှင်းစပါယ်အောင်ကိုရဲ့ ပြောဆိုချက် အပြည့်အစုံကတော့

“ကျမတို့အားလုံးကသာ အောင်ကြီးမဟုတ်မှန်း ယုံကြည်နေကြတာ..အောင်ကြီးကိုယ်တိုင်က သူ ဟုတ်ကြောင်း မှန်ကြောင်းဝန်ခံရင်ကော..

လူဆိုတာ ယာဉ်မောင်းတစ်ယောက်လုပ်ပြီး သိန်း၅၀၀အထက်ကို တစ်ချိန်တည်း တစ်ဘဝထဲရှာဖို့ဆိုတာ..မလွယ်ဘူးလေ..

ဘဝဆိုတာ မအေးအေးဝင်း စီစဉ်ထားသလိုမှ မဟုတ်တာကိုး..ဗစ်တိုးရီးယား ကံ ပေါ့လေ😢

ဖီလင်- ဆိုးဆတ်😢မစပယ်စာ” ဟူ၍ဖြစ်ပါတယ်။

Facebook Comments