ေထာင္ထဲမွ LIVE လႊင့္ခဲ့သူ နံ ဖုန္းေရာင္းခဲ့တဲ႔ ေထာင္၀န္ထမ္းကို အေရးယူျပီ

ေထာင္ထဲမွ LIVE လႊင့္ခဲ့သူ နံ ဖုန္းေရာင္းခဲ့တဲ႔ ေထာင္၀န္ထမ္းကို အေရးယူျပီ

ေရႊဘို အက်ဥ္းေထာင္တြင္းမွ ဖုန္းျဖင့္ Live လႊင့္ခဲ့သူႏွင့္ ယင္းဖုန္းေရာင္းခ်ခဲ့သည့္ အက်ဥ္းေထာင္၀န္ထမ္းကို အေရးယူထားေၾကာင္း စစ္ကိုင္းတိုင္းနယ္လံု၀န္ႀကီး ဗိုလ္မွဴးႀကီး သန္းထြန္းေအာင္ကေျပာသည္။

‘’ဒီေန႔ပဲ အေရးယူလိုက္ပါတယ္ “ ဟု ၄င္းက ေျပာသည္။ထို႔အျပင္ ေထာင္တြင္း ဖုန္းေရာင္းခ်မႈမ်ားႏွင့္ ဆက္စပ္ေနေသာ ကိစၥရပ္မ်ားကိုပါ စံုစမ္းမႈမ်ား ျပဳလုပ္ေနေၾကာင္း ေရႊဘို ေထာင္ပိုင္ႀကီးကလည္းေျပာသည္။

ေမ ၈ ရက္ေန႔ ညပိုင္းက ေရႊဘိုအက်ဥ္းေထာင္တြင္ ေထာင္ဆူပူမႈ ျဖစ္ခဲ့မႈေၾကာင့္ အာဏာပိုင္မ်ားက ၿဖိဳခြင္းရာတြင္ လူ ေလးဦး ေသဆံုးခဲ့ကာဒဏ္ရာ ရသူအခ်ိဳ႕ ရွိခဲ့သလိုေထာင္ဆူပူမႈေၾကာင့္ ရဲတပ္ဖြဲ႕အျပင္ တပ္မေတာ္မွ ပူးေပါင္းကာ ေျဖရွင္းေဆာင္ရြက္ခဲ့ရေၾကာင္းလည္းသိရသည္။

ေရႊဘို အက်ဥ္းေထာင္မွ အက်ဥ္းသားတစ္ဦး ေထာင္ထဲမွေန၍ Live လႊင့္သည့္ ကိစၥအား အေရးႀကီးေမးခြန္း အေနျဖင့္ သက္ဆိုင္ရာကို လႊတ္ေတာ္မွ တစ္ဆင့္ ေမးရန္လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ျပင္ဆင္လ်က္ရွိေၾကာင္းလည္းသိရသည္။

UNICODE

ထောင်ထဲမှ LIVE လွှင့်ခဲ့သူ နံ ဖုန်းရောင်းခဲ့တဲ့ ထောင်ဝန်ထမ်းကို အရေးယူပြီ

ထောင်ထဲမှ LIVE လွှင့်ခဲ့သူ နံ ဖုန်းရောင်းခဲ့တဲ့ ထောင်ဝန်ထမ်းကို အရေးယူပြီ

ရွှေဘို အကျဉ်းထောင်တွင်းမှ ဖုန်းဖြင့် Live လွှင့်ခဲ့သူနှင့် ယင်းဖုန်းရောင်းချခဲ့သည့် အကျဉ်းထောင်ဝန်ထမ်းကို အရေးယူထားကြောင်း စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်ကပြောသည်။

‘’ဒီနေ့ပဲ အရေးယူလိုက်ပါတယ် “ ဟု ၎င်းက ပြောသည်။ထို့အပြင် ထောင်တွင်း ဖုန်းရောင်းချမှုများနှင့် ဆက်စပ်နေသော ကိစ္စရပ်များကိုပါ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ရွှေဘို ထောင်ပိုင်ကြီးကလည်းပြောသည်။

မေ ၈ ရက်နေ့ ညပိုင်းက ရွှေဘိုအကျဉ်းထောင်တွင် ထောင်ဆူပူမှု ဖြစ်ခဲ့မှုကြောင့် အာဏာပိုင်များက ဖြိုခွင်းရာတွင် လူ လေးဦး သေဆုံးခဲ့ကာဒဏ်ရာ ရသူအချို့ ရှိခဲ့သလိုထောင်ဆူပူမှုကြောင့် ရဲတပ်ဖွဲ့အပြင် တပ်မတော်မှ ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်းလည်းသိရသည်။

ရွှေဘို အကျဉ်းထောင်မှ အကျဉ်းသားတစ်ဦး ထောင်ထဲမှနေ၍ Live လွှင့်သည့် ကိစ္စအား အရေးကြီးမေးခွန်း အနေဖြင့် သက်ဆိုင်ရာကို လွှတ်တော်မှ တစ်ဆင့် မေးရန်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြင်ဆင်လျက်ရှိကြောင်းလည်းသိရသည်။

Facebook Comments