“ျမန္မာႏုိင္ငံတြင္ လ်ွပ္စစ္မီးမျပတ္ေစရန္ ဖင္လန္ ကူညီမည္”

“ျမန္မာႏုိင္ငံတြင္ လ်ွပ္စစ္မီးမျပတ္ေစရန္ ဖင္လန္ ကူညီမည္”

ျမန္မာႏုိင္ငံတြင္ လ်ွပ္စစ္မီးရရွိေရးအတြက္ ေလာင္စာဆီမ်ဳိးစုံ ထည့္သြင္းအသုံးျပဳႏုိင္သည့္ စက္မ်ားကုိ ဖင္လန္ႏုိင္ငံအစုိးရကအကူအညီေပးရန္ဆႏၵရွိေနေႀကာင္း သိရသည္။

“ဖင္လန္အစုိးရက ျမန္မာအစုိးရလုပ္တဲ့ စီမံကိန္ေတြကုိ တစ္ဝက္အလကား ေပးပါတယ္။စီမံကိန္းတစ္ခုကုိ ယူရုိ သန္း၃၀ အမ်ားဆုံး သတ္မွတ္ပါတယ္။တစ္ဝက္ကုိ အလကားေပးပါတယ္။ဖင္လန္အစုိးရရဲ႕ ေစတနာနဲ႕ပါ။လုပ္ငန္းကရတဲ့ဝင္ေငြကေနျပီးေတာ့ ၁၀နွစ္အတြင္းမွာ ၆လတစ္ႀကိမ္း နည္းနည္းဆပ္ရပါတယ္။ဒါမ်ဳိး ပေရာဂ်က္ကုိ မြန္ျပည္နယ္ စလုပ္ေနပါျပီ။” ဟု ၄င္းကေျပာသည္။

၂၀၁၉ ခုႏွစ္ ေမလ(၁၀)ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Lotte ဟိုတယ္မွာ က်င္းပခဲ့သည့္ Yangon Investment Forum 2019 တြင္ Finland Trade Center (ဖင္လန္ႏိုင္ငံကုန္သြယ္ေရးဌာန)က ကိုေအးေမာ္က အထက္ပါအတုိင္းေျပာႀကားခဲ့ျခင္းျဖစ္သည္။

ဖင္လန္အစုိးရ၏ကမ္းလွမ္းမႈအေပၚ စိတ္ဝင္စားေႀကာင္း ဝန္ႀကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းက ျပန္လည္ေျပာႀကားခဲ့သည္။

UNICODE

“မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမပြတ်စေရန် ဖင်လန် ကူညီမည်”

“မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမပြတ်စေရန် ဖင်လန် ကူညီမည်”

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိရေးအတွက် လောင်စာဆီမျိုးစုံ ထည့်သွင်းအသုံးပြုနိုင်သည့် စက်များကို ဖင်လန်နိုင်ငံအစိုးရကအကူအညီပေးရန်ဆန္ဒရှိနေကြောင်း သိရသည်။

“ဖင်လန်အစိုးရက မြန်မာအစိုးရလုပ်တဲ့ စီမံကိန်တွေကို တစ်ဝက်အလကား ပေးပါတယ်။စီမံကိန်းတစ်ခုကို ယူရို သန်း၃၀ အများဆုံး သတ်မှတ်ပါတယ်။တစ်ဝက်ကို အလကားပေးပါတယ်။ဖင်လန်အစိုးရရဲ့ စေတနာနဲ့ပါ။လုပ်ငန်းကရတဲ့ဝင်ငွေကနေပြီးတော့ ၁၀နှစ်အတွင်းမှာ ၆လတစ်ကြိမ်း နည်းနည်းဆပ်ရပါတယ်။ဒါမျိုး ပရောဂျက်ကို မွန်ပြည်နယ် စလုပ်နေပါပြီ။” ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် မေလ(၁၀)ရက်နေ့က ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ ကျင်းပခဲ့သည့် Yangon Investment Forum 2019 တွင် Finland Trade Center (ဖင်လန်နိုင်ငံကုန်သွယ်ရေးဌာန)က ကိုအေးမော်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖင်လန်အစိုးရ၏ကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြန်လည်ပြောကြားခဲ့သည်။

Facebook Comments