ရှေ့ဘီး ချမရတာကို အမှန်ကန်ဆုံး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ လေယာဉ်မှူးကြီး မြတ်မိုးအောင

ရှေ့ဘီး ချမရတာကို အမှန်ကန်ဆုံး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ လေယာဉ်မှူးကြီး မြတ်မိုးအောင်

မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့(မေ ၁၂) နံနက်ပိုင်းက Myanmar National Airlines မှ လေယာဉ်တစ်စီး မတော် တဆမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ခရီးသည်များအားလုံးရဲ့ အသက်အန္ဒတွေကို ကယ်တင်ပေးခဲ့တဲ့ ကယ်တင်ရှင် လေယာဉ်မှူးကြီး တော်တော်ကို တော်ပါတယ်။

ရှေ့ဘီးချမရတာကို ဦးပိုင်းဝမ်းဗိုက်နဲ့လျှောတိုက်ပြီး အထိအခိုက်အပျက် အစီးမရှိ ဘေးကင်းစွာဆင်းသက်နိုင်တာ ကျွမ်းကျင်မှု အတွေ့အကြုံ ဆုံးဖြတ်ချက်မှန်ကန်မှု အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူးကြီးကို လေးစား ဂုဏ်ပြု ပါတယ်

လေယာဉ်မှူးကြီး မြတ်မိုးအောင်

ဘီးမကျတဲ့ လေယာဉ်ကိစ္စ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်

ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer 190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊

cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောငိ၊မခိုင်ဇာလင်း၊မဥမ္မာအောင် တို့ မောင်းနှင် ပျံ သန်းရာ မန္တလေး လေဆိပ်သို့ ဆင်းချိန် ၀၈၁၇ ချိန် တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာပါ။

ထို့အတွက် Captain မှ လေကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျမကျ ကြည့်ပေးပါရန် ၂ ကြိမ်ဝဲပတ်ပျံသန်းပြခဲ့ပါသည်။

ထို့နောက် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် ၀၉၀၉ နာရီ တွင် Runway 17 အတိုင်း Emergency landing ပြုလုပ်ခဲ့ရာ ပြေးလမ်း ၄၅၀၀ ပေတွင်လေယာဉ်ဦးစိုက်အနေအထားနှင့်ရပ်တန့်ပြီးနောက် လေယာဉ်Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Proceduresအတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိပါ။အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ခရီးသည်များကို လည်း ERP( Emergency Response Plan) နှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် တင်ပြပါဖြစ်စဉ်တွင် လေယာဉ်အဖွဲ့သားများ နှင့် ညီညွတ်စွာ ဆောင်ရွက်ခဲ့သော ခရီးသည်များအားလည်းကောင်း၊ လေယာဉ်အရေးပေါ် အခြေအနေ ၌ ဆုံးဖြတ်ချက်မှန်ကန်စွာ နှင့် ဘေးကင်းစွာ မောင်းနှင်ပေးခဲ့သော Captain မြတ်မိုးအောင်၊

FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊ တို့အားလည်းကောင်း၊ cabin crew များအဖြစ်မချယ်ရီမြင့်၊မကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊မဥမ္မာအောင်တို့အား လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း နှင့် ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြု အပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Facebook Comments