Grade-3 ၊ Grade-6 သင်တန်းတွေဆိုတာ လူသတ်ကွင်းဖြစ်နေသလား…?

Grade-3 ၊ Grade-6 သင်တန်းတွေဆိုတာ လူသတ်ကွင်းဖြစ်နေသလား…?

အခုတစ်လော ပညာရေးဌာနမှာ Grade-3 . Grade-6 သင်တန်းတက်ရောက်ရင်း ကွယ်လွန်ခဲ့တဲ့ ဆရာဆရာမတွေဟာ များလာနေပါတယ်…

မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ရာသီဥတု အပူဒဏ်ကို အံတုပြီး သင်တန်းတက်နေကြရတာ…

ဒီနေရာမှာ ရောဂါအခံရှိသောဆရာဆရာမများ၊ အသက်ကြီးသောဆရာဆရာမများ၊ ကိုယ်ဝန်ဆောင်ဆရာမများ အနေနဲ့ ဆိုးရွားတဲ့ အပူဒဏ်ကြောင့် မလိုလားအပ်သော ပြဿ နာများ ၊ အသက်သေသည်အထိ ဖြစ်နေကြရပါတယ်….

မနေ့က ဆရာမလေးတဟ်ယောက် Grade-3 သင်တန်းမှာ ကိုယ်ဝန်ပျက်ကျတယ်… ယောက်ျားဖြစ်သူကို ဖုန်းဆက်ခေါ်တော့ ယောက်ျားက ဆိုင်ကယ်နဲ့လာ၊ဆိုင်ကယ်Accidentဖြစ်တယ်

ဒီနေ့ ကြားရသတင်းက ညောင်ဦးမြို့နယ်က ဆရာမကြီးတစ်ယောက် Grade-3သင်တန်းတက်နေစဉ်မှာ ဆုံးပါးသွားတယ်…

အရင် ခရိုင်အဆင့်မှာ တနင်္သာရီတိုင်းက ဆရာကြီးတစ်ယောက် Grade-3 သရက်ခရိုင်သင်တန်းမှာ လက်ထောက်ပညာရေးမှူးဆရာကြီးတစ်ယောက် ရခိုင်ပြည်နယ်က ဆရာကြီးတစ်ယောက် မလိုလားအပ်ဘဲ အသက်သေဆုံးခြင်းတွေဟာ လူသတ်ကွင်းလို ဖြစ်နေပါပြီ…

ဒီအပူဒဏ်အောက် စာသင်ခန်းတွေမှာ ပန်ကာမရှိ၊ရေမီးမပြည့်စုံ ချို့ချို့တဲ့တဲ့ နေပြီး သင်တန်းတက်နေကြတဲ့၊ အသက်သေဆုံးသွားခဲ့တဲ့ ဆရာကြီး၊ဆရာမကြီးတွေအတွက် ကူညီထောက်ပံ့ပေးဖို့ မပြောနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတောင် သနားငဲ့ညှာစိတ်၊ကိုယ်ချင်းစာစိတ်တို့နဲ့ ထုတ်ပြန်ပေးခြင်းတောင် မရှိတဲ့ ပညာရေးဝန်ကြီးဌာနပါ…

အခု G3.G6 သင်တန်းဟာ လေးရက်ပဲ ရှိပါသေးတယ်…

၁၀ရက် ကျန်ပါသေးတယ်..

ဘာတွေဆက်ကြားရဦးမှာလဲ?

သတင်းဆိုးတွေတော့ မကြားချင်တော့ပါဘူး ဆရာဆရာမတို့ရေ…

ဂရုစိုက်နေထိုင်ကြပါခင်ဗျ…

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်းအေးအေးဆေးဆေးနေကြပါ…

သေဆုံးသွားတဲ့ ဆရာဆရာမတွေအတွက်ခင်ဗျားတို့ မသိချင်ယောင်ဆောင်နေပါ…

ဟန်ဆောင်နေပါ…

ဒီသင်တန်းကြီး ပြီးမြောက်ပါတယ်…

အောင်မြင်အောင်ကျင်းပနိုင်ပါတယ်ဆိုတဲ့ ဝမ်းမြောက်ဖွယ်စကားနဲ့ ကျေနပ်နေကြပါ…

ဦးရဲမင်းထွန်း – အလယ်တန်းပြ G6သင်တန်း မင်းဘူးခရိုင်၊မကွေးတိုင်းဒေသကြီး။

Facebook Comments