ယာဉ်ထိန်းရဲကို ဓားနဲ့ခုတ်လို့ ရဲကသွားဖမ်းရာ ရဲကိုဓားနဲ့ခုတ်ပြီးနောက် တရားသူကြီးကိုပါဓားနဲ့ ထပ်ခုတ်

ယာဉ်ထိန်းရဲကို ဓားနဲ့ခုတ်လို့ ရဲကသွားဖမ်းရာ ရဲကိုဓားနဲ့ခုတ်ပြီးနောက် တရားသူကြီးကိုပါဓားနဲ့ ထပ်ခုတ်

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် တရားရုံးသို့ အမျိုးသား တစ်ဦးမှ မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ၀င်ရောက် ခြိမ်းခြောက်ခဲ့သဖြင့် နမ္မတူမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ယာဉ်ထိန်းရဲကို ဓားနဲ့ခုတ်လို့ ရဲကသွားဖမ်းရာ ရဲကိုဓားနဲ့ခုတ်ပြီးနောက် တရားသူကြီးကိုပါဓားနဲ့ ထပ်ခုတ်

“ ပထမ သူထောင်က ထွက်လာပြီး ဆိုင်ကယ်ဦးထုပ် မပါဘဲ စီးတာကို မော်တော်ပီကယ်က တားလို့ မော်တော်ပီကယ်ကို လက်သီးနဲ့ ထိုးပြီး ဓါးနဲ့ ခုတ်တာ အမှုဖွင့်ထားလို့ ရဲက သူ့ကို အိမ်သွားဖမ်းတာ ထပ်ပြီးတော့ ဓါးနဲ့ ခုတ်ပြီးတော့ တရားသူကြီးဆီသွားပြီး အမှုဖွင့်တာကို အမှုဖွင့် မပေးလို့ ဆိုပြီး တရားသူကြီးကို ဓါးနဲ့ ခုတ်ပြီးတော့ ခြိမ်းခြောက်တာပါ။” ဟု ရှမ်းပြည်နယ် တရားလွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

နမ္မတူမြို့နေ ဦးဝင်းလှိုင် ဆိုသူသည် မေလ ၉ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် နမ္မတူမြို့နယ် တရားရုံးသို့ ရောက်ရှိလာပြီး ၄င်း တိုင်ကြားထားသည့် အမှုအား အမှုဖွင့် ပေးမလား၊ မပေးဘူးလားဟု ပြောဆိုသဖြင့် မြို့နယ်တရားသူကြီးမှ ဦးတိုက် တိုင်ကြားသူမှာ ဒုရဲမှူး ဖြစ်သူ ပြန်တမ်းဝင် အရာရှိ ဖြစ်သောကြောင့် တရားစွဲဆို ခွင့်ပြုမိန့် လိုအပ်မည် ဖြစ်သည့်အပြင် ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရသာ ဆောင်ရွက်ရမည် ဖြစ်သည်ဟု ရှင်းပြခဲ့ရာ ဦးဝင်းလှိုင်မှ တရားရုံးမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ၄င်း၏ ဆိုင်ကယ်တွင် အသင့်ပါလာသော အရိုးအသွား ၃ ပေခန့်ရှိ ငှက်ကြီးတောင်ဓါးအား ယူဆောင်လာပြီး မြို့နယ်တရားသူကြီးအား ဓါးဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်တရားလွှတ်တော်မှ သိရသည်။

ယာဉ်ထိန်းရဲကို ဓားနဲ့ခုတ်လို့ ရဲကသွားဖမ်းရာ ရဲကိုဓားနဲ့ခုတ်ပြီးနောက် တရားသူကြီးကိုပါဓားနဲ့ ထပ်ခုတ်

ဦးဝင်းလှိုင်၏ ဓါးဖြင့် ခုတ်မှုအား မြို့နယ်တရားသူကြီးမှ ထိုင်ခုံဖြင့် ကာလိုက်ခြင်းကြောင့် ဒဏ်ရာ မရရှိခဲ့သော်လည်း ရုံးသုံး ထိုင်ခုံ ပျက်ဆီးသွားခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးဝင်းလှိုင်သည် မြို့နယ်တရားသူကြီးအား ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းအား တရားခွင်ပေါ် တင်ထားမည်၊ အခုလာသည်မှာ ဓါးဖြင့်သာ လာခြင်းဖြစ်ပြီး နောက်ဆိုလျင် သေနတ်ဖြင့် လာရောက်မည်ဟု ပြောဆိုကာ ထွက်သွားပြီးနောက် ထပ်မံ၍ ၂ ခေါက် ၀င်ရောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မြို့နယ်တရားသူကြီး ဦးနိုင်ထက်အောင် အား ဓါးဖြင့် ခုတ်၍ ခြိမ်းခြောက်ခဲ့သူ ဦးဝင်းလှိုင်အား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းကြောင့် နမ္မတူမြို့မရဲစခန်းမှ (ပ) ၉/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၂၊ ၃၀၇၊ ၅၀၆ တို့ဖြင် အမှုဖွင့်ထားကာ ဦးဝင်းလှိုင်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Facebook Comments