အခုအစိုးရက နည်းနည်းလေးမှားတာနဲ့ ဆွဲစိချင်နေတာ ဆိုတဲ့ စတီဗင်ဇော်ကြီး

အခုအစိုးရက နည်းနည်းလေးမှားတာနဲ့ ဆွဲစိချင်နေတာ ဆိုတဲ့ စတီဗင်ဇော်ကြီး

အစိုးရရဲ့ ဟာကွက်တော်တော်များများကို ဟာဟ သဘာဖြင့် Video ရိုက်ကူးပြီး ထောက်ပြခဲ့တဲ့ စတီဗင်ဇော်ကြီးက ခုနောက်ပိုင်းမှာ ထိုကဲ့သို့ Video များ မရိုက်ကူးဖြစ်တော့ပုံကို ခုလို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

သိပ် လည်းမလုပ်ချင်တော့ပါဘူး။ ဒီဘက်ခေတ်က သိပ်လည်းလုပ်လို့ မကောင်းတော့ဘူးလေ။ အရင်အစိုးရနဲ့ အခုအစိုးက Life ကလည်း မတူတော့ဘူး။ ဒီဘက်ခေတ်အစိုးရက သိတယ်မှလား နဲနဲလေးမှားတာနဲ့ ဆွဲစားချင်နေတာ။ အဲ့တော့ ကျွန်တော်တို့လည်း နောက်ဆုတ်လိုက်တော့တာပါပဲ။ ၂၀၁၄ ထဲက ဒီဟာတွေကို လုပ်တာပေါ့။ ဒီဘတ်ခေတ်လည်း လုပ်ချင်ပါသေးတယ်။ ဒါမဲ့ ဒီဘက်ခေတ်က သိပ် စိတ်လွတ်ကိုယ်လွတ် မလုပ်ရဲတော့ဘူး။

အရင်အစိုးရနဲ့ အခုအစိုးရနဲ့ တစ်ယောက်နဲ့တစ်ယောက် လုနေတဲ့အချိန်ုတုန်းကလုပ်လို့ကောင်းတယ်။ အခုကျတော့ သိပ် အမှားမခံတော့ဘူး။ မှားလိုက်တာနဲ့ တန်းပြီး ဆွဲစားဖို့ချောင်းနေတာဆိုတော့။ အဲ့တော့ ဦးဇော်တို့က နောက်ဆုတ်တာပဲကောင်းပါတယ်။

ဒီဘက်ခေတ်မှာတော့ စီးပွားရေးဘက်ကူးတာပဲကောင်းပါတယ်။ Online ဆိုတာလည်း တကယ်တမ်းကျတော့ အဲ့လောက်တော့မဟုတ်ဘူးလေ။ ဦးဇော်ပရိသတ်ရှိတဲ့အခါနဲ့ ပရိသတ်ရတုန်းလေးပေါ့ လူငယ်တွေကြိုက်တဲ့ Sneaker လေးတွေပဲ ဦးဇော် အဲ့လိုင်းဘက်ကို ပြောင်းလိုက်တာပေါ့နော်။ မဆိုးပါဘူး အောင်လည်း အောင်မြင်ပါတယ်။ ရန်ကုန် ပရိသတ်၊ မန္တလေး ပရိသတ်၊ တောင်ကြီးပရိသတ် တွေပေါ့။ တော်တော်များများလည်း အားပေးကြပါတယ်။

သာမန်လူတစ်ယောက်နဲ့ ဆယ်လီဖြစ်ခဲ့တဲ့တာက အကျိုးကျေးဇူးတွေရှိပါတယ်။ လူချစ်လို့ အားပေးတာလည်း ရှိတယ်လေ။ လာရယ်ချင်လို့ အားပေးတာမျိုးလည်းရှိတယ်။ တကယ်ကြိုက်လို့ လာပေးတာမျိုးလည်း ရှိတယ်။ ပရိသတ်ကတော့ အမျိုးမျိုးပါပဲ။ ပြီးတော့ ဦးဇော်က နဂိုကတည်းက ဆက်ဆီဆန်ချင်တယ်။ ရုပ်ပိုင်းအရ နည်းနည်း အားနည်းနေလို့သာ ဦးဇော်မလုပ်တာ။ အရင်အကောင့် တစ်ခုတုန်းကဆို ဦးဇော် ယောကျာ်းလေးဆက်ဆီ ပုံတွေတင်တယ်လေ။ ဒါပေမယ့် အမြဲတမ်းပဲ အဆဲခံရပါတယ်။ အခုကျော်ကျော်နန္ဒတို့ လိုပေါ့။ သူလိုသာမပေါက်ခဲ့တာပဲ ရှိတာပါ။

ကျွန်တော့်ကို ချစ်တဲ့ ပရိသတ်တွေ အကုန်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

Facebook Comments