မန္တလေးတွင် ခိုက်ရန် ဖြစ်ပွား၍ ၀င်ရောက် ထိန်းသိမ်းသော ရဲတပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရိုက်နှက်မှု

မန္တလေးတွင် ခိုက်ရန် ဖြစ်ပွား၍ ၀င်ရောက် ထိန်းသိမ်းသော ရဲတပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရိုက်နှက်မှု

ချမ်းမြသာစည်မြို့နယ်၌ ခိုက်ရန်ဖြစ်ပွားနေသူများ အား ထိန်းသိမ်းသော ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရန်မီးသတ် ၁ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား

၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ၂၂၃၀ အချိန် ချမ်း မြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက် မနော်ဟရီ လမ်း၌ အဆိုပါ ရပ်ကွက်နေ ဖြိုးမောင်မောင်(ခ) ရဲလင်း (၁၉) နှစ် နှင့် ရဲမင်းနိုင်(၂၄) နှစ် ပါ ကျား ရ ဦးတို့ ခိုက်ရန်ဖြစ်ပွား နေကြောင်း သတင်းအရ

အောင်ပင်လယ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် မိုးဝေ(၁၉ )နှစ် ပါ ပူးပေါင်းအဖွဲ့တို့မှ သွားရောက် ထိန်းသိမ်းစဉ်

၎င်းတို့ ၈ ဦးမှ ရဲတပ်ဖွဲ့ဝင်များအား သံတုတ်များဖြင့် ပြန်လည် ခုခံ ရိုက်နှက်သဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရာ ၎င်းတို့အား အရှည် ၂ ပေခန့်၊ လုံးပတ် ငါးမူးလုံး ခန့်ရှိ သံတုတ် ၂ ချောင်းနှင့် အတူ ဖမ်းဆီးရမိခဲ့ပါသည်။

သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် ရဲတပ်သား အောင်မော်ထွန်း(၂၃)နှစ် ပါ ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရန်မီးသတ် မိုးဝေ တို့တွင် ဦးခေါင်း၊ ဝဲ/ယာ လက် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်

မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ပြီး မေလ ၂၈ ရက်နေ့ ၀၀:၂၀ အချိန် ဖြိုးမောင်မောင်(ခ) ရဲလင်းပါ ၈ ဦး(ဖမ်းမိ) အား

မန္တေလးတြင် ခိုက်ရန်ျဖစ္ပြား၍ ၀င်ရောက် ထိန်းသိမ်းသော ရဲတပ္ဖြဲ့ဝင္နွင့် အရန္မီးသတ္တပ္ဖြဲ့ဝင္မ်ားအား ရိုက္နွက္မှု 1

အောင်ပင်လယ် နယ်မြေရဲစခန်း (ပ)၃၆၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၃၂/၃၂၅/၁၁၄ (တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား

မိမိ အလိုအလျောက် ပြင်းထန် နာကျင်စေမှု၊ မိမိ အလိုအလျောက် နာကျင်စေမှု၊ ပြင်းထန် နာကျင်စေမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန

Facebook Comments