မြောက်ဦးတွင်ဗုံးသီးကို ဓားဖြင့်ခြစ်ကြည့်ရာမှ ပေါက်ကွဲပြီး တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

မြောက်ဦးတွင်ဗုံးသီးကို ဓားဖြင့်ခြစ်ကြည့်ရာမှ ပေါက်ကွဲပြီး တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိ့နယ်၊ညောင်ပင်လှကျေးရွာနေ ဒေါ်ခင်သန်းနု အသက်(၅၀)နှစ်၊ဒေါ်အဝိုင်းချေ အသက်(၃၈)နှစ်၊ဒေါ်ကျော့လုံးခင် အသက်(၅၁)နှစ်သည် ဟင်းခူးရန်သွားရောက်စဉ် တရွာတည်းနေ ဦဝင်းနိုင်ဆိုသူက တောင်ရင်းမှတွေ့ရှိလာသော မပေါက်ကွဲသေးသည့် ဗုံးသီအား ပါလာသည့်ဓားဖြင့်ခြစ်ကြည့် ခေါက်ကြည့်ရာဗုံးသီးပေါက်ကွဲကြောင်း …..

ဦးဝင်းနိုင်မှာ၎င်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ကျန်အမျိုးသမီး(၃)ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဆင်းအိုးကြီးကျေးရွာဆိပ်ကမ်းမှ မြောက်ဦးမြို့ဆေးရုံသို့ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်​ပေးထားကြောင်း အဆိုပါအသင်းက ထုတ်ပြန်သည် ။

Facebook Comments