အကဲဖြတ်ဒိုင်တွေ ပြောင်းလဲလိုက်တဲ့ အပေါ် ဝေဖန်မှုမြင့် တက်နေတဲ့ Myanmar Idol Season-4

အကဲဖြတ်ဒိုင်တွေ ပြောင်းလဲလိုက်တဲ့ အပေါ် ဝေဖန်မှုမြင့် တက်နေတဲ့ Myanmar Idol Season-4

Myanmar Idol သီချင်းပြိုင်ပွဲ ကတော့ အောင်မြင်တဲ့ အဆိုရှင်တွေမွေးထုတ်ပေးတဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဆင့်အတန်းမရွေး ဝင်ပြိုင်လို့ရပြီး ဘက်လိုက်ခြင်းမရှိ အကောင်းဆုံး လူတွေကိုသာ ရွေးချယ်ပေးတဲ့ သီချင်းဆိုပြိုင်ပွဲဆိုလည်းမမှားပါဘူးနော်။ မြန်မာ တစ်နိုင်ငံလုံး နယ်ပယ်အသီးသီးက စောင့်ကြည့်အားပေးကြတဲ့အဆိုပြိုင်ပွဲကြီးပဲ ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်လာတာ နဲ့အမျှ ပရိသတ်တွေလည်း ဇာတ်ရှိန်တက်ပြီး စိတ်ဝင်စားကြရတဲ့အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ် …။

ပရိသတ်များ အားလုံးဘဲ စိတ်ဝင်စားမျှော်လင့်နေကြတဲ့ Myanmar Idol Season-4 မှာ ပါဝင်ဆောင်ရွက်မယ့် အကဲဖြတ်ဒိုင်များကတော့ အဆိုတော် တင်ဇာမော်၊ဖြူဖြူကျော်သိန်း ဦးအောင်ကိုလတ် တို့က အမှတ်ပေးသွားကြ မှာဖြစ်ပါတယ်။နှစ်တိုင်း ပါဝင်နေကြ ဒိုင်တစ်ဦးဖြစ်တဲ့ အန်ကယ်လ် ဦးသိန်းတန် မပါဝင်ဖြစ်တော့တာပဲ ဖြစ်ပါတယ် …။

Season 1 ထဲက ဦးသိန်းတန်ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပိုမြင့်လာခဲ့တာဆိုလည်း မမှားပါဘူးနော်။ အခု Myanmar Idol Season-4 မှာ အကဲဖြတ်ဒိုင်အဖြစ်မပါဝင်တော့တာကို ပရိသတ်တွေ ထင်ကြေး အမျိုးမျိုးပေးပြီးဝေဖန်နေကြတာပဲ ဖြစ်ပါတယ် …။

အန်ကယ်လ် ဦးသိန်းတန်ကို ဒိုင်အဖြစ် ပါဝင်စေချင်ကြပြီး အန်ကယ်လ် ဦးသိန်းတန် မပါလို့ Myanmar Idol ကို မကြည့်တော့ဘူးဆိုတဲ့ ဝေဖန်ချက်တွေပါတွေ့ရတာပဲ ဖြစ်ပါတယ်။ Myanmar Idol ပရိသတ်တစ်ဦးကတော့ “ပြိုင်ပွဲတွေရဲ့ အားသာချက်အားနည်းချက်ကို ထိထိမိမိသိနိုင်တာ အားမနာစတမ်း ဝေဖန်နိုင်တဲ့ အရည်အချင်းရှိတာ ဦးသိန်းတန်ပဲရှိတယ် …။

ပြိုင်ပွဲရဲ့ တန်ဘို အနိမ့်အမြင့်ကိုလည်း ဆွဲခေါ်နိုင်တာသူပဲ ”လို့ ထင်မြင်ချက်ပေးခဲ့တာတွေ့ရပါတယ်။Myanmar Idol Season-4ကတော့ အစပိုင်းမှာတင် အကဲဖြတ်အဖွဲ့မှာ ဦးသိန်းတန်မပါလို့ ပရိသတ်ဝေဖန်မှုတွေ ကြုံနေရတာပဲ ဖြစ်ပါတယ်။ Let Pan ပရိသတ်ကြီးရော အကဲဖြတ်အဖွဲ့မှာ ဦးသိန်းတန်မပါတဲ့ အတွက် ထင်မြင်ချက်လေးပေးခဲ့ပါဦးနော် …။

Facebook Comments