၁၀ တန်းကို ဂုဏ်ထူး ၄ ဘာသာဖြင့် ထူးချွန်စွာ အောင်သော်လည်း ရှင်သာမဏေဘဝကို မစွန့်လွတ်နိုင်တဲ့ သူ

၁၀ တန်းကို ဂုဏ်ထူး ၄ ဘာသာဖြင့် ထူးချွန်စွာ အောင်သော်လည်း ရှင်သာမဏေဘဝကို မစွန့်လွတ်နိုင်တဲ့ သူ

ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာနေ ကိုကျော်စွာဝင်း မရှမ်းမတို့၏သား မောင်ဇာနည်သည် ငယ်စဉ်ကတည်းက သာမဏေဝတ်ကာ အတန်းကျောင်း၌ စာသင်ရာ ဆယ်တန်းရောက်သောအခါ မိဘများ၏ ဆန္ဒအရ သာမဏေချွတ်၍ ဆယ်တန်းတက်ခဲ့သော်လည်း မိဘများထံမှ ကတိတစ်ခု တောင်းပြီး ဆယ်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုပေးခဲ့ပါသည် ။

မိဘများထံမှ တောင်းသော ကတိမှာ ဆယ်တန်းဖြေပြီးလျင် သာမဏေ ပြန်ဝတ်ပေးရမည်ဖြစ်ပါသည် ။ ထို့ကြောင့်ပင် ဆယ်တန်းဖြေအပြီး သြင်္ကန်ကာလ ပြီးမြောက်သည်နှင့် အလှူပေးကာ သာမဏေ ဝတ်ပေးခဲ့ရပါသည် ။ သာသနာ့ တာဝန်များကို ထမ်းဆောင်မည်ဟု သိရပါသည် ။

အောင်စာရင်း ထွက်သောအခါ လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသည် ။ ယခုအချိန်တွင် သာမဏေဝတ်ဖြင့် ရွာဦးတိုက် ကျောင်းတွင် သီတင်းသုံး နေထိုင်လျက် ရှိသော်လည်း ရှေ့ဆက်မည့်ခရီး မသိရသေးပါကြောင်း ။

Facebook Comments