တောင်ကြီးမြို့က လေးလောင်းပြိုင် လူသတ်မှုနဲ့ ပက်သတ်ပြီး သူ့ရဲ့ဆန္ဒကို ထုတ်ပြောလာတဲ့ ဇေရဲထက်

တောင်ကြီးမြို့က လေးလောင်းပြိုင် လူသတ်မှုနဲ့ ပက်သတ်ပြီး သူ့ရဲ့ဆန္ဒကို ထုတ်ပြောလာတဲ့ ဇေရဲထက်

အခုတလော ပြည်သူလူထုတစ်ရပ်လုံး စိတ်မကောင်းဖြစ်နေကြတဲ့ တောင်ကြီးမြို့က လေးလောင်းပြိုင် လူသတ်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုးသော ထင်မြင်ချက်တွေကို ပေးနေကြတာ ဖြစ်ပါတယ်။ ဧပြီလ (၃၀) ရက်နေ့ကတော့ ထိုလေးလောင်းပြိုင်လူသတ်မှုက သေဆုံးသူများရဲ့ ရုပ်အလောင်းကို တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုသာန်မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပြီး လူပေါင်း(၂၀၀၀) ကျော် လိုက်လံ ပို့ဆောင်ခဲ့ကြပါတယ်။

အသက်ခံရသူများကို ဧပြီလ (၂၈)ရက် နံနက်ပိုင်းမှာ မြင်းဖြူနှစ်ကောင်ဆေးတိုက်မှာ အလုပ်လုပ်ကိုင်တဲ့ အိမ်အကူ မအေးမိုး(၁၇ နှစ်)ရဲ့ အလောင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး စိုင်းဆေမွန်း(၂၇ နှစ်)၊ နန်းခမ်းလှိုင်း (၂၄ နှစ်) နဲ့ သားဖြစ်သူ စိုင်းဖဖ (၇ လ) တို့ရဲ့ ရုပ်အလောင်းတွေကို ဆက်လက်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုလေးလောင်းပြိုင် လူသတ်မှုနဲ့ ပက်သက်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြသလို နိုင်ငံကျော်သရုပ်ဆောင် ဇေရဲထက်ကလဲ တော်တော်လေး စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ဇေရဲထက်က “ခွေးလိုစိတ်ကို မသေမချင်း လည်ပင်းကို နှီးကြောနဲ့ဖျတ် သတ်ပါ” ဆိုပြီး ကရုဏာဒေါသနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။

ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံးက မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေ နှင့် မောင်နှမဝမ်းကွဲ တော်စပ်ကြောင်း၊ ဒေါ်အေးရွှေ၏ ခင်ပွန်းမှာ ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိသဖြင့် တင်အုန်း (ခ)အိုက်အုံး၏ ပထမအိမ်ထောင်နှင့် ရရှိထားသူ သားတစ်ဦးကို မွေးစားထားခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ သားမှာ အိမ်ထောင်ကျကာ အိမ်ခွဲ၍သီးခြား နေထိုင်ကြောင်း၊ ဒေါ်အေးရွှေက မနန်းခမ်းလှိုင်ကို လွန်ခဲ့သော နှစ် ၂၀ ကျော်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှ

ာ ဒေါ်အေးရွှေနှင့်အတူ နေထိုင်ပြီး ဆေးတိုက်လုပ်ငန်းကို လည်းကိုယ်တိုင်ဦးစီး လုပ်ကိုင်နေသူဖြစ်သဖြင့် အမွေခွဲမှုများ ရှိလာပါက တင်အုန်း (ခ) အိုက်အုံး၏ သား အမွေအရနည်းမည်ကို စိုးရိမ်မှု ၊ မိမိ၏ ငွေကြေးလိုအပ်မှုတို့ကို အခြေခံကာ အခြားသူနှင့် ပူးပေါင်း၍ ၎င်းကအဓိက စီမံဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူ မိသားစုအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တင်အုန်း (ခ) အိုက်အုံးထံမှ သိမ်းဆည်းရရှိခဲ့သည့် ငွေသားနဲ့ လက်ဝတ်လက်စားများ

တောင်ကြီးမြို့က လေးလောင်းပြိုင် လူသတ်မှုကတော့ တရားခံကို ဖမ်းဆီးရရှိပြီဖြစ်ပေမယ့် အမှုရင်မဆိုင်ရသေးတဲ့အတွက် ဘယ်လိုအမိန့်ချမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ပြည်သူတစ်ရပ်လုံးကတော့ အခုလို လူမဆန်စွာ သွေးအေးအေးနဲ့ သက်ဖြတ်ခဲ့တဲ့အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ကို ချမှတ်ခံရဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ရော ဘယ်လိုသဘောရပါသလဲ.?

Facebook Comments