ဒီလိုစိတ်ဓါတ်ပိုင်ရှင်ကလေးမျိုးကိုတော့လေးစားထိုက်ပါပေတယ်… လူကြီးတွေတောင်အတုယူသင့်တယ်

ဒီလိုစိတ်ဓါတ်ပိုင်ရှင်ကလေးမျိုးကိုတော့လေးစားထိုက်ပါပေတယ်… လူကြီးတွေတောင်အတုယူသင့်တယ်

ဒီ​နေ့ စစ်​ကိုင်းကမ်းနားလမ်းက Food Box ကို ​ရောက်​​တော့ဒီပုံထဲက က​လေး​လေး​ပေါ့

ဦးဦး သား ပိုက်​ဆံ၅၀၀လှူချင်​လို့တဲ့။ ဦးဦးက မလှူပါနဲ့သားစားချင်​တဲ့ မုန့်​ယူစားသွားပါ​ပြော​တော့ မဟုတ်​ဘူး သားလဲလှူချင်​လို့တဲ့ ( လေးစားတယ်​သားရယ်​)

စက်​ဘီး​သေး​သေး​လေးစီးပီး​ချွေး​တွေနဲ့ လှူချင်​ရှာတာ မလှူရမချင်း မုန့်​တခုမှယူမစားဘူး သူ့အလှူ​ငွေ​၅၀၀ကျပ်​ကိုလက်​ခံပီးမှ အာရှပင်​မှည့်​တဗူးနဲ့ မုန့်​​လေးတထုပ်​ပဲယူသွားရှာတယ်​ အပိုမယူဘူး

ရှေ့လူ ​နောက်​လူ အတွက်​ချန်​​ပေးသွားရှာတယ်​ သား​လေး ​ရေ သာဓု သာဓု သာဓုပါ

အသက်​ကြီးကြီးငယ်​ငယ်​ ရှိဖို့မလိုဘူး…သိဖို့ပဲလိုတယ်​ ဆိုတာ သား​လေးက သင်​ခန်းစာ​ပေးသွားရှာတယ်

သား​လေးကြီးပွားတိုးတက်​​အောင်​မြင်​ပါ​စေ ပညာတတ်​ကြီးဖြစ်​ပါ​စေ ​​ရှေ့​ဆောင်​လမ်းပြ ​ခေါင်း​ဆောင်​​ကောင်း​ကြီးဖြစ်​ပါ​စေ 🙏🙏🙏🙏🙏

Facebook Comments