ပြိုင်ဘက်ရဲ့စအိုကို ခြေမနဲ့လှမ်းထိုးခဲ့တဲ့ MMA ဖိုက်တာ၊ အမှတ်လျှော့ခံရပြီး အရှုံးပေးခဲ့ရ

စအိုကို ခြေမနဲ့လှမ်းထိုးခဲ့တဲ့ MMA ဖိုက်တာ၊ အမှတ်လျှော့ခံရပြီး အရှုံးပေးခဲ့ရ

ဇွန်လ (၂၂)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Bellator 223 ပြိုင်ပွဲကို လန်ဒန်မြို့၊ ဝင်ဘလေရှိ The SSE အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ MMA ပြိုင်ပွဲမှာ တွဲဆိုင်းတစ်တွဲဖြစ်တဲ့ ဘရာဇီးသား Jorge Kanella နဲ့ လန်ဒန်သား Alfie Davis ပွဲလည်း တစ်ပွဲအပါအဝင်ပါ။

ဒီပွဲမှာတော့ Davis က ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ အကြောင်းကတော့ ပြိုင်ဘက် Kenella ဟာ မလျှော်ကန်သောနည်းလမ်းကို အသုံးပြုတိုက်ခိုက်ခဲ့တာမို့ပါ။ Kenella ဟာ ကြမ်းပြင်ပေါ်မှာ ပစ်လှဲချပြီးခံစစ်ကစားနေတဲ့ Davis ကို မဖွယ်ရာသောနည်းလမ်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သူဟာ ခြေမနဲ့ Davis ရဲ့စအိုကို လှမ်းထိုးလိုက်တာပါ။ ဒီအတွက် Davis ဟာ အတော်လေး မသာမယာခံစားခဲ့ရပြီး၊ ဒိုင်ကို တစ်ခါတည်း စောဒကတက်ခဲ့ပါတယ်။ ဒိုင်ကလည်း အမှတ်ပေးဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ချက်ချင်းတောင်းခံခဲ့ရာ Davis ကို အနိုင်ပေးလိုက်ပါတယ်။

Davis ဟာ (၁၂-၃)ရလဒ်နဲ့ ဒိုင်တွေရဲ့ တစ်ညီတညွှတ်တည်း အနိုင်ပေးခြင်းကို ခံခဲ့ရပါတယ်။ Kenella ကတော့ လက်ရည်အရ မိမိဘက်က အသာစီးရခဲ့ပေမယ့် မလိုအပ်တဲ့ Foul တစ်ခုကြောင့် ရထားတဲ့အမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။ အခင်းဖြစ် ဗွီဒီယိုကိုလည်း ထည့်ပေးထားပါတယ်

Facebook Comments