ကမ္ဘာ့အကြမ်းဆုံးပွဲစဉ်လို့ အွန်လိုင်းမှာ ရေပန်းစားနေတဲ့ တောင်အမေရိကပွဲတစ်ပွဲ

ကမ္ဘာ့အကြမ်းဆုံးပွဲစဉ်လို့ အွန်လိုင်းမှာ ရေပန်းစားနေတဲ့ တောင်အမေရိကပွဲတစ်ပွဲ

ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေက ဘောလုံးပွဲရဲ့ရုပ်ဆိုးအကျည်းတန်တဲ့အင်္ဂါရပ်တွေပါပဲ။ ဘောလုံးဆိုတာ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့အရာဖြစ်တယ်။ ဘောလုံးတစ်လုံး၊ လူ (၂၂) နှစ်ယောက်က တစ်ကမ္ဘာလုံးကလူတွေအား လုံးရဲ့အာရုံကို ဖမ်းစားထားနိုင်တယ်။ ဘောလုံးပွဲရဲ့အနှစ်သာရက ဘာနဲ့မှလဲလို့မရပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့တွေအားလုံး ဘောလုံးကို အသက်ထက်ဆုံးချစ်နေကြရတာပေါ့။ ရူးသွပ်နေကြရတာပဲမဟုတ်ပါလား။

ဒါပေမယ့် ပြောခဲ့သလိုပဲ ဘောလုံးပွဲတွေမှာ ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ရင်တော့ ဘောလုံးပွဲတွေဟာ တကယ့်ကို အကျည်းတန်သွားတတ်ပါတယ်။ တကယ်တော့ အနီကတ်ဆိုတာ ဘောလုံးပွဲတွေရဲ့အကျည်းတန်တဲ့အရာတစ်ခုလည်း ဖြစ်တယ်။

ပြီးခဲ့တဲ့ အယ်မက်ရိုနဲ့ အက်သလက်တီကိုဆန်ဒရယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်အမေရိကပွဲစဉ်တစ်ပွဲမှာတော့ အခိုက်အတန့်တစ်ခုက တော်တော်လေး အကျည်းတန်ခဲ့ပါတယ်။ နှစ်ဖက်အသင်းကစားသမား တွေရဲ့ ကစားပုံက တော်တော်လေး ကြမ်းတမ်းခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါကြောင့် ဒိုင်လူကြီးက အနီကတ်နဲ့ ထုတ်ပယ်ခဲ့စဉ်မှာလည်း အနီကတ်ပြသခံရတဲ့ကစားသမားဟာ ဒေါသတွေထွက်ပြီး ဒိုင်လူကြီးကို ရန်ရှာဖို့ကြိုးပမ်းခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ဒီဖြစ်ရပ် အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့ရာတော့ ကမ္ဘာ့အကြမ်းတမ်းဆုံးပွဲစဉ်လို့ အားလုံးက ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ အဲဒီပွဲစဉ်က ဘယ်လောက်အထိ ကြမ်းတမ်းခဲ့သလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်လိုက်ပါတော့။

ကမ္ဘာ့အကြမ်းဆုံးပွဲလို့ နာမည်ကြီးနေတဲ့ တောင်အမေရိကပွဲစဉ်တစ်ပွဲ

Facebook Comments